Main menu

ညောင်ဦးမြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံသည်(၅.၈.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍  စားသုံးသူကာ ကွယ်ရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က စားသုံးသူ ကာကွယ်ဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ် သော ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့်အချက်များကို သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားပြီး ပြည့်စုံစွာထည့်သွင်းဖော်ပြရမည်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုသည် မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့် အချက်အလက် သို့မဟုတ် အမှတ်အသားကို ခေါ်ဆိုတာဖြစ်ပါကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည့်အချက်များမှာ ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်း လမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကျိုတင် သတိပေးချက် စသည့်အချက်များဖြစ်ပါကြောင်း၊ ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မိမိဌာနအနေဖြင့် ပြည်တွင်းပြည်ပမှ ထုတ် လုပ်သော ကုန်စည်များကို သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိမရှိ၊ ဘေးအန္တရာယ် ရှိမရှိကို ဈေးကွက် မရောက်မီနှင့် ဈေးကွက်ရောက်ပြီးအခြေအနေများ၌လည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိ ပါကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် အာမခံချက်ရှိပြီး အရည်အသွေးမြင့် မားသည့် ကုန်စည်များဖော်ဆောင်ဖြည့်ဆည်းပေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန် ပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ ကုန်စည်များ ဈေးကွက်အတွင်း ရေရှည် တည်တံ့နိုင်စေရေးအတွက် စားသုံးသူများ၏ လိုအပ်ချက်ကို စိတ်စေတနာထား၍ မှန်ကန်သော ဖြည့်ဆည်းမှုများဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းဖြင့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း နှင့် ဟောပြောပွဲသို့  လုပ်ငန်းရှင်(၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA( မန္တလေး)