Main menu

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ခရိုင်ပေါင်းစုံ  အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဆုချီးမြှင့်ပွဲတက်ရောက်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်သော ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ  အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဆုချီးမြှင့်ပွဲကို တက်ရောက်ခဲ့ကြသည်။

     ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည်  ခရိုင်များမှ အေရိုးဗစ်အဖွဲ့များ၏ စုပေါင်းသရုပ်ပြသမှုများ၊ တစ်ဦးချင်းပြိုင်ပွဲနှင့် သုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသူများ၏ သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တစ်ဉီးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ခရိုင်များမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ခရိုင်များအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဥပဒေချုပ်ကလည်းကောင်း၊ ကိုးယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ခရိုင်များအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီးနောက် တံခွန်စိုက်ဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်က တံခွန်စိုက်ဆုဖလားအား ဆက်လက်ချီးမြှင့်ကာ တံခွန်စိုက်ဆုရရှိသည့် ပုသိမ်ခရိုင်အသင်းနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။

     ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအား ကစားကွင်းတွင်ပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ် အဖြစ်ယှဉ်ပြိုင်ကစားသည့် မြန်အောင်ခရိုင်အသင်းနှင့် ဖျာပုံခရိုင်အသင်းတို့၏ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယခုလ(၁၄)ရက်နေ့မှ  (၂၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

 

(DOCA ဧရာဝတီ)