
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၁၈-၈-၂၀၂၅)ရက် နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများ အား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ စားသုံးသူ အသိပညာ ပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ပုဒ်မ(၂၄)ပါအချက်အလက်များ၊ အခန်း(၁၂) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးပါအချက်အလက်များအား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေပါကုန်စဉ်နှင့်ဝန်ဆောင်မှုများ၏ ကြော်ငြာခြင်းဆိုင်ရာ တားမြစ်ချက်များနှင့် လိမ်လည်လှည့်ဖျားခြင်းဆိုင်ရာ တားမြစ်ချက်များ၊ပြစ်မှု့ပြစ်ဒဏ်များအကြောင်း၊စစ်ဆေးရေးအရာရှိ၏လုပ်ငန်း တာဝန်များ အကြောင်းအကျယ်တဝံ့ရှင်းဆွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံး တွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီး ဌာနရုံးချုပ်၏ www.doca.gov.mm web site တွင် ဝင်ရောက်လေ့လာ နိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
( DOCA ဧရာဝတီ)