Main menu

သူဇာ လက်ဖက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်း ဆွေးနွေးခြင်းနှင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ (၂၈.၈.၂၀၂၅)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစီးအရာရှိသည် သူဇာ လက်ဖက်လုပ်ငန်းရှင် ဒေါ်သူဇာလင်းနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။

    ထိုသို့အသိပညာပေးရာတွင် စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစီးအရာရှိက စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြား ချက်အရ မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရန်လိုအပ်သည့် အသေးစိတ်အချက်များ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းနှင့် ကုန်စည်/ဝန်ဆောင်မှုများကို အွန်လိုင်းစနစ်အသုံးပြု၍ ရောင်းချမည်ဆိုပါက မဖြစ်မနေ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ပြီးမှသာရောင်းချရန်၊ မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချမည် ဆိုပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)