
၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) နေပြည်တော် အစည်းအဝေးခန်းမအမှတ်(၃)တွင် ကျင်းပပြုလုပ်သည့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းအား ကန့်ဘလူခရိုင်စားသုံးသူရေးရာဦးစီးဌာန အမှုထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)နေပြည်တော် စီမံရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဖုန်းမြင့်မှ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ပြဌာန်းချက်များ၊ နိုင်ငံ့ဝန်ထမ်း၏အဓိပါယ်ဖွင့်ဆိုချက်၊ ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာသတ်မှတ်ချက် များ၊ ဌာနကူးပြောင်းတာဝန်ထမ်းဆောင်ခြင်း၊ ဝန်ကြီးဌာနဝန်ထမ်းအဖွဲ့အစည်းများက ပြင်ပပုဂ္ဂိုလ် များအား ခန့်အပ်နိုင်သည့် ရာထူးအဆင့်များ၊ ရာထူးတိုးမြှင့်ခြင်း၊ အရည်အချင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ အရည်အချင်းစစ်ဆေးခြင်း၊ ရာထူးသက်/လုပ်သက်အတွက် အမှတ်ပေးခြင်း၊ တန်းစီ ဇယားရေးဆွဲခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူးရာထူးအဆင့်နှင့်အောက် ဝန်ထမ်းများ အရည် အချင်းစစ်ဆေးအကဲဖြစ်ခြင်း၊ ဒုတိယညွှန်ကြားရေးမှူးရာထူးအဆင့်နှင့်ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးအဆင့်အထိ အရာထမ်းများ အရည်အချင်းစစ်ဆေးအကဲဖြတ်ခြင်း၊ လူတွေ့စစ်ဆေးရာတွင် (သတိပြုရန်)အချက်များ၊ ရာထူးတိုးမြှင့်ခံစားခွင့်မရှိသည့်အခြေအနေများ၊ နှစ်တိုးလစာနှင့် ပတ်သက် သည့်အကြောင်းများ၊ နှစ်တိုးရေတွက်ရာတွင် ထည့်သွင်းရေတွက်ရမည့်ကာလများ၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်းခံရသည့် ဝန်ထမ်းအား စားစရိတ် ထောက်ပံ့ကြေးခံစားခွင့် နှင့် ခွင့်ခံစားခွင့်များ၊ ခွင့်ခံစားခြင်း(၁၀)မျိုးအကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်းနှင့် အယူခံခြင်းကိစ္စများ၊ အငြိမ်းစားယူခြင်း၊ ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် ဝန်ထမ်း၏ မွေးသက္ကရာဇ်ကို ရေသွင်းခြင်း၊ ဝန်ထမ်း၏ အမှတ်အသားများကို မှတ်တမ်းတင်ခြင်း၊ ဝန်ထမ်းမှတ်တမ်းစာအုပ်တွင် စစ်ဆေးအတည်ပြုရန်အချက်များ နှင့် ဝန်ထမ်းမှတ်တမ်းစာအုပ် ပျက်စီး/ ပျောက်ဆုံးလျှင် ဆောင် ရွက်ရမည့်အချက်များအကြောင်းတို့ကို အကျယ်တဝင့် သင်ကြားပိုချခဲ့ပြီး တိုင်း/ခရိုင်/မြို့နယ်များ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး နိဂုံးချုပ်အမှာစကား အနေဖြင့် ဝန်ထမ်းများအနေဖြင့် လုပ်ခွင်ပျော်၍ လုပ်ငန်းတော်သော ဝန်ထမ်းကောင်းများ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းအခမ်းအနားအောင်မြင်စွာ ပြီး မြောက်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)