Main menu

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အခမ်းအနားကျင်းပ

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ  (၁၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား “ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် စာရေးဝန်ထမ်းသင်တန်း” တက်ရောက်မှုနှင့် စပ်လျဉ်း၍ အသိပညာ ဗဟုသုတများ တိုးပွားစေရန်နှင့် လိုက်နာ ဆောင်ရွက်နိုင်ရန် Thursday Talk အသိပညာပေး ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်သက်ယမုံဖူး၊ (အကြီးတန်းစာရေး)က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် စာရေးဝန်ထမ်းသင်တန်းတက်ရောက်ခြင်း၏ အကြောင်းအရာများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး ခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း၊ ဆွေးနွေးပွဲသို့ ဝန်ထမ်း (၂၀)ဦး တက်ရောက်ခဲ့ပါကြောင်း နှင့် ဆွေးနွေးပွဲအား နေ့လယ် (၁၄:၀၀)အချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)