Main menu

မိတ္ထီလာခရိုင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် အာကာမင်း စားသောက်ကုန်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ ဒေါ်ချောစုထွေး (ဦးစီးမှူး) သည် ဝမ်းတွင်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ အာကာမင်း ငရုတ်သီးမှုန့် လုပ်ငန်း လုပ်ကိုင်နေသော စားသောက်ကုန်လုပ်ငန်းရှင်   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ကုန်အညွှန်း အမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍  ဆွေးနွေးခဲ့ပါသည်။

     ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်များအတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့် စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ ဌာနသို့စိစစ်ဆောင်ရွက် ပေးပါရန်တင်ပြလာမှု အပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)