
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့၊ နံနက် (၈:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်၊ ပညာရေးကောလိပ်သို့ ခရိုင်ဦးစီးမှူး ဦးဆောင်၍ အဖွဲ့ (၁)အနေဖြင့်လည်းကောင်း၊ ပြည်တက္ကသိုလ်၊ သူနာပြု သင်တန်းကျောင်းများနှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းများသို့ ဒုတိယခရိုင်ဦးစီးမှူး ဦးဆောင်၍ အဖွဲ့(၂)ဖြင့်လည်းကောင်း၊ ခရိုင်/မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့များနှင့် ပူးပေါင်း၍ စားအုန်းဆီ /ဆန် ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ အသား/ငါးများကို သက်သာသော နှုန်းထားဖြင့် ရောင်းချရာတွင် လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)