Main menu

တောင်ငူမြို့ အမက(လွန်)မိုးကောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်၊ မိုးကောင်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် အရေးကြီပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားကြရန် လိုအပ်ပုံများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

    ထို့နောက် မြို့နယ်တာဝန်ခံသည် ကျောင်းသား ကျောင်းသူများ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားရှိမှုအားကို အသင့်စားမုန့်များဖြင့် လက်တွေ့ဖတ်ရှုစေခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၂၅ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)