Main menu

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁)ရက်မှ (၁၅)ရက်နေ့အထိပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁)ရက်မှ (၁၅)ရက်နေ့အတွင်း၌  ပြည်ခရိုင်တွင် ဆက်သွယ်ရေးအင်တာနက်(ဝန်ဆောင်မှု)လုပ်ငန်းရှင်များ၊ ပြည်မြို့နယ်တွင် မြို့သစ်(၄)လမ်းထိပ်၊ ဒေါ်ခင်မို့မို့ဝင်း၏ “အောင်မေတ္တာ”ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ မြို့မဈေးကြီး(၁)ရုံ ရှိ ဒေါ်ညွန့်ညွန့် ဆီဆိုင်သို့လည်းကောင်း၊ ရွှေကူရပ်ကွက်၊ လမ်းရှည်လမ်းရှိ ဒေါ်ပြုံးပြုံးအေး ဆီရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ မြို့သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ “ရွှေဖလား” ဆန်ဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် နွားမယံအုပ်စု၊ ပုရပိုက်တန်းကျေးရွာရှိ၊ ဒေါ်ခိုင်မေသင်း၏ “မြသော်တာ”အသင့်စားနန်းကြီးသုပ် လုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့ နယ်တွင် ဆင်တဲကျေးရွာရှိ “ဒေါ်ရင်မြိုင်”ဆန်ဆိုင်သို့လည်းကောင်း၊ ဥသျှစ်ပင်ဈေးရှေ့ရှိ ဦးအောင်နိုင်ဖြူ၏ “သန်းကြွယ်”ဆန်ရောင်းဝယ်ရေးလုပ်ငန်း၊ ဥသျှစ်ပင်၊ ရွှေပင်ရပ်ကွက်ရှိ ဦးမျိုးနိုင်ဦး၏ “လာဘ်မိုးပွင့်” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် သို့လည်းကောင်း၊ လဲကျေးရွာရှိ ဒေါ်သိမ့်သိမ့်စန်းဌေး၏ “ရတနာ”စိုက်ပျိုးရေးပစ္စည်းဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့ တွင် အမှတ်(၅)ရပ်ကွက်ရှိ ဦးသက်ဇော်အောင်၏ “ချမ်းမြေ့ပါစေ”ဣစ္ဆိတံလုပ်ငန်းသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား များ၊ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)