
မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၁၉)ရက်နေ့တွင် မြိတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့သွားရောက်၍ စျေးနှုန်းတည်ငြိမ်စေရေး ဘိလပ်မြေစျေးနှုန်းနှင့် ပစ္စည်းဝင်ရောက်နေမှုအခြေအနေများအား ကွင်းဆင်းခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ကျန်ရှိသော လက်ကျန်ဘိလပ်မြေအခြေအနေ၊ ပစ္စည်းဝင်ရောက် နေမှုအခြေအနေနှင့် စျေးနှုန်းများအားမေးမြန်းခဲ့ပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေရေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိ မြိတ်မြို့တွင် ဘိလပ်မြေတစ်အိတ်လျှင် ၂၈၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။
DOCA(တနင်္သာရီ)