
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်) သည် (၁၉.၈.၂၀၂၅) ရက်နေ့ (၁၁:၀၀) အချိန်တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ ထီး၊ဖိနပ်အမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်လည်ရောင်းချခြင်းကို ဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကို ဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုလိုကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးခြင်းများဖြစ်သော စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏ လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်း စသည့် အချက်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများ ဖြစ်သော မိမိဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာ ပေးခြင်း၊ စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း ၊ အာမခံထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုး အတိုင်းပေးအပ်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အပေါ် တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာ ထင်ရှားစွာ ဖော်ပြရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)