
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချနေသော ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေများအား စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေး ရေးမှူးနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာမြို့မဈေးတာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ဩဂုတ် လ(၂၉)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ စားသောက်ကုန်များ ရောင်းချသော ရွှေငါး၊ ချမ်းသာပါစေ၊ လမင်း၊ နေလ မုန့်မျိုးစုံနှင့် အချိုရည်ဆိုင်များ၊ မစန္ဒာ၊ မေသူ လူသုံးကုန် ပစ္စည်းဆိုင်များတွင် ရောင်းချလျှက်ရှိသော ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခု အပတ်တွင် ရောင်းချနေသော ဈေးနှုန်းများ ကောက်ခံခြင်း၊ ကုန်ပစ္စည်းများ ရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)