Main menu

“ ကော့မှူးမြို့နယ်၌မိုးစပါးစိုက်တောင်သူများသို့သီးနှံပေါ်ပေးစနစ်ဖြင့်ဓာတ်မြေဩဇာသွင်းအား စုအားအချုပ်ချုပ်ဆိုဖြန့်ဖြူးပေး ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကျုံးဝင်သော မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့်  ဓာတ်မြေဩဇာ သွင်းအားစုများကို ဩဂုတ်လ(၃၀)ရက်နေ့၊ နေ့လယ်  (၁၅:၀၀)နာရီအချိန်တွင် စာချုပ်ချုပ်ဆိုဖြန့်ဖြူး ပေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ဖြန့်ဖြူးပေးခဲ့ရာတွင် ကော့မှူးမြို့နယ် ဓာတ်မြေဩဇာ လက်ခံဖြန့်ဖြူးရေးကြီးကြပ် မှုအဖွဲ့(၂)မှ အဖွဲ့ခေါင်းဆောင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီး ဦးကျော်မင်းလွင် နှင့်အဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် ပိန္နဲကုန်းကျေးရွာရှိ မိုးစပါးစိုက်တောင်သူများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ဆောင်ရွက်နိုင်ရန်အတွက် ယူရီးယား (၁၆၂)အိတ် ကွန်ပေါင်း (၁၃၇)အိတ် စုစုပေါင်း (၂၉၉)အိတ် အား မိုးစပါးစိုက်တောင်သူများ၏ စိုက်ဧကအလိုက် ဓာတ်မြေဩဇာအိတ်များအား စာချုပ်ချုပ်ဆို ဖြန့်ဝေပေးပါခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)