Main menu

“ သင်္ဃန်းကျွန်းမြို့နယ်ရှိဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ကုမ္ပဏီအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဆက်သွယ်ရေး ဝန်ဆောင်မှု(အင်တာ နက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော ကုမ္ပဏီအား ဩဂုတ်လ(၂၉)ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းမြို့နယ် ရတနာလမ်း ရှိ TMH Telecom Public Co,ltd (WELINK) ကုမ္ပဏီသို့ ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဝယ် ယူအသုံးပြုကြသည့် စားသုံးသူများထိခိုက်နစ်နာမှုမရှိစေရေးအတွက် ရုံးချုပ်မှပေးပို့သည့် စစ် ဆေးရန် (၁၁)ချက်နှင့်အညီ ဆောင်ရွက်ထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ စား သုံးသူများ သိသင့်သိထိုက်သည့်အချက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထားမှုရှိ/မရှိ စစ်ဆေး ခြင်း လိုအပ်သည်စာရွက်စာတမ်းများအား ရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ ဝန်ဆောင်မှုသုံးစွဲရာ တွင် စားသုံးသူများမှ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူ ခေါ်ဆိုနိုင်အောင် ဆောင်ရွက်ထားရန် တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)