
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူ မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ "ဓနပြည့်" ဆီစက်လုပ်ငန်းသို့ သွားရောက်ပြီး ဆီထွက်သီးနှံ မြေပဲ ကြိတ်ခွဲထုတ်လုပ်သည့် စားသုံးဆီ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးခဲ့ကြောင်း သိရ သည်။
ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွား ရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေ ရေးအတွက် စားသုံးဆီ ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များမှ ဆီဆိုင်များ ကြိတ်ခွဲထုတ်လုပ်ရာ တွင် သန့်ရှင်းသပ်ရပ်စွာဖြင့် ကြိတ်ခွဲထုတ်လုပ်ဆောင်ရွက်ရေး၊ ဆီအရည်အသွေးပြည့်ဝစေရေး စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မှိုတက်မြေပဲဆံများ မပါရှိစေရေးနှင့် ပဲဆီများ၊ ဆီအမျိုးအစားအလိုက် စားသုံးသူများမြင်သာအောင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာ ရေးသားဖော်ပြပြီး ရောင်းချသွားရန်၊ အချိန်အတွယ် မှန်ကန်စေရေးနှင့် စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် နစ်နာမှုမရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် (၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာ ဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်ဆည်းမှုအညွှန်းတို့ကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော စားသုံးဆီများ ဈေးကွက် အတွင်း ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေး နွေးပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)