Main menu

ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ “ပေါ်ပြူလာ” ကုန်စုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေး တိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံသည် စားသုံးသူအခွင့်အရေးများ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အမှတ်တံဆိပ်တွင် ပါဝင်ရမည့် အမှတ်အသားများ၊ မြန်မာဘာသာ ဖြင့် ထည့်သွင်း ဖော်ပြရမည့် အချက်အလက်များအား သိရှိစေရန်အတွက် (၁၅..၂၀၂)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဆိပ်ဖြူမြို့ အနောက် ပိုင်းရပ်ကွက်ရှိ ပေါ်ပြူလာ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံ စွာဖော်ပြထားသော ကုန်စည်များရောင်း ချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ဈေးကွက်စောင့်ကြည်စစ်ဆေးရာတွင်  ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ ၂၀၁၉ အခန်း(၁၈)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ပါရှိရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ဖော်ပြရမည် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်း ပုံအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်ဆုံးသည့် ရက်စွဲများ ကိုလည်းထည့်သွင်းဖော်ပြထားသော ကုန်စည်များကို သာရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချခြင်းမရှိရန်၊ ရောင်း ချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်း အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(မကွေး)