
နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ (၁၄.၈.၂၀၂၅) ရက်နေ့ နံနက် (၉:၃၀) နာရီ အချိန်တွင် သဲကုန်းမြို့နယ် အ.ထ.က ကျောင်းတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျောင်းကျန်းမာရေးအဖွဲ့ ၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ကျောင်းကျန်းမာရေးအဖွဲ့မှ ကျောင်းကျန်းမာရေး နှင့် ပတ်သက်၍ အသိပညာ ပေးဟောပြောဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးထင်ဇော်ထွန်းက စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး နှင့်တာဝန်များ အကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း ကိုအသိပညာပေး ဟောပြောဆွေးနွေး ခဲ့ကြောင်းသိရပါသည်။
ဆက်လက်၍ ကျောင်းမုန်ဈေးတန်းအား စစ်ဆေးရာတွင် ကျောင်းသား/ကျောင်းသူများစားသောက်မည့် အစားအစာများ ဘေးအန္တရာယ်ကင်းစေရေး နှင့် သန့်ရှင်းမှုရှိ/မရှိ၊ အသင့်စားမုန့်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံမှု ရှိ/မရှိ တို့အားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)