Main menu

အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

Powered by Drupal

      ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ အနေဖြင့် အင်တာနက်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လိုအပ်သောသတင်းအချက်အလက် ပြည့်စုံ မှန်ကန်စွာနှင့်ရှင်းလင်းစွာကြိုတင်အသိပေးဆောင်ရွက်ခြင်းဖြင့်စားသုံးသူအခွင့်အရေးပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ ၂၈.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ‌‌ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စည်ပင်သာယာရေးအဖွဲ့များပူးပေါင်းကာ မြစ်ကြီးနားမြို့၊ခေမာသီရိရပ်ကွက်နှင့်ဒူကထောင် ရပ်ကွက်ရှိ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း(၂)ခုသို့ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင်ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ပေးသည့်လုပ်ငန်းများအနေဖြင့်လက်ကမ်းစာဆောင်များတွင်အင်တာနက်ဝန်ဆောင်ခနှုန်းထားများ၊  ဆက်သွယ်ရမည့်ဖုန်းအမှတ်များဖော်ပြထားပြီးဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏လိုင်စင်ခွင့်ပြုချက်  များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

      ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ပေးသည့် လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဥပ‌ဒေပါ စီးပွား‌ရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအခြေအနေများ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါပြစ်မှုနှင့်ပြစ်ဒဏ်များအားအသိပညာပေးဆွေးနွေးခဲ့ပြီးဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့်ဆက်စပ်ဌာနများ၏ အမိန့်နှင့်ညွှန်ကြားချက်များအားလည်း လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)