
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စားအုန်းဆီလက်ကား၊ လက်လီ ကိုယ်စာလှယ်များဖြင့် ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သော ပြည်သူလူထုများ စားသုံးဆီဖူလုံစေရန်နှင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်ဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်၏ ခွင့်ပြုချက်ဖြင့် ထုတ်ယူသယ်ဆောင်ပြီး ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၇) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားအုန်းဆီ လက်လီအရောင်းဆိုင်များအနေဖြင့် စားအုန်းဆီများ တင်သွင်းဖြန့်ဖြူးရောင်းချရာတွင် သယ်ယူမှု ကုန်ကျစရိတ်များ ထည့်သွင်းတွက်ချက်ပြီး (၂%) ထက်မပိုသောအမြတ်ဖြင့် ရောင်းချစေရေး၊ စားအုန်းဆီများ အဆမတန်အမြတ်တင် ရောင်းချမှုမရှိစေရေး၊ စားအုန်းဆီများအား သတ်မှတ် အချိန်ကာလအတွင်း သတ်မှတ်ပမာဏ၊ သတ်မှတ်ဈေးနှုန်းအတိုင်း အလေးချိန်ပြည့်မီစွာဖြင့် ပြည်သူလူထုလက်ဝယ်အရောက် ရောင်းချသွားစေရေး၊ မလိုလားအပ်သောနေရာများသို့ မရောင်းချမိစေရေးတို့ကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကယား)