Main menu

လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းသို့ အသား၊ငါးတန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း

Powered by Drupal

       ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် အခြေခံစားသောက်ကုန်များဈေးနှုန်း မြှင့်တင် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး အခြေခံစားကုန်ဈေးနှုန်းစာရင်း ကောက်ယူမှုများ ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့် အသား/ငါးတန်းများ စစ်ဆေးဆောင်ရွက်ခဲ့ရာ အသား/ငါးများ ရောင်းချရာတွင် ယင်လုံဇကာများဖြင့် ဖုံးအုပ်ရောင်းချစေရေး၊ လတ်ဆက်သော အသား/ငါးများ ကိုသာ ရောင်းချစေရေး၊ အသား/ငါးများ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေး၊  စည်ပင် သာယာရေးအဖွဲ့မှ သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့်သာ ရောင်းချစေရေးနှင့် အသား/ငါးများ ရောင်းချရာတွင် အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)