Main menu

ပေါင်မြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

       ၂၆.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနခန်းမ၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့‌ ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ အခွင့်အရေးများ၊ မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်များ၊ သက်တမ်းတိုးဆောင်ရွက်ရမည့်အချက်များ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၄) အရ အ‌ရေးယူဆောင်ရွက်နိုင်မည့်အချက် များအား အသိပညာပေးဆောင်ရွက်ခဲ့ရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ သိလိုသည် များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)