Main menu

ဘားအံမြို့ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍများသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     (၂၈-၈-၂၀၂၅) ရက် ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  ATOM ရုံးနှင့် MYTEL  ရုံးများသို့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဘားအံမြို့ရှိ ဆက်သွယ်ရေးရုံးများဖြစ်သည့် ATOM ရုံးနှင့် MYTEL  ရုံးများတွင် အောက်ပါအချက်များဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေး ကဏ္ဍအားလုံးအတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အရည်အသွေးပြည့်မီသော အင်တာနက် ဝန်ဆောင်မှုများရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ် လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်၊ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်ခြင်း၊ သက်ဆိုင်ရာ ကုမ္ပဏီများသို့ အကြိမ်ကြိမ် ဆက်သွယ်ပြောဆိုသော်လည်း စားသုံးသူစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုမရှိခြင်းနှင့် စပ်လျဉ်း၍ တိုင်ကြားမှုများအား အများဆုံးလက်ခံရရှိသည့်အတွက်  အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းများအား စစ်ဆေးရန်၊ ဆက်သွယ်ရေးကုမ္ပဏီများက ပေးအပ်သည့် အင်တာနက် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင် အသိပေးဆောင်ရွက်ခြင်းဖြင့် စားသုံးသူအခွင့်အရေးပြည့်ဝစွာ ရရှိစေရန် ဆွေးနွေးပြောကြားခဲ့ရာ အထက်ပါဖော်ပြချက် အတိုင်း ဆောင်ရွက်ထားရှိမှုရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)