Main menu

မုံရွာမြို့ပေါ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ  စားသုံး/ထုတ်လုံ ဌာနခွဲတာဝန်ခံနှင့် မုံရွာခရိုင်ဦးစီးမှူးတို့ ဦးဆောင်၍ ဝန်ထမ်းများသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား အသိပညာပေးဆွေးနွေးခြင်းကို (၂၆.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်ATOM(ဆက်သွယ်ရေး/အင်တာနက်ဝန်ဆောင်မှု)၊ MPT(ဆက်သွယ် ရေး/အင်တာနက်ဝန်ဆောင်မှု)နှင့် WELINK (အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံ ဌာနခွဲတာဝန်ခံက ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍစုံနှင့် ပတ်သက်သည့် စားသုံးသူနစ်နာမှု မရှိစေရေးအတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်း အော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ပြီး အင်တာနက်ဝန်ဆောင်မှုမှ တာဝန်ရှိသူများအား ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)