Main menu

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဆေးဝါးများ၏ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေး”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် စားသုံးသူပြည်သူများအား အန္တရာယ်ကင်းရှင်းစေရန်နှင့် ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေအား စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကော့မှူးမြို့နယ်ရှိ ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးအရောင်းဆိုင်များသို့ ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ ဦးအေးသွင်တို့ သည် မြို့နယ်စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆေးဆိုင်များ၊ ဗိုလ်ချုပ်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ ဆေးဆိုင်များ၊ ဗိုလ်ချုပ်လမ်းမြို့မရပ်ကွက်ရှိဆေးဆိုင်များတွင် စားသုံး သူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ဆေးဝါးများ၏ ဈေးနှုန်းများ အဆမတန် မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းများရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ  ဖြန့်ဖြူးရောင်းချ ခြင်းများ ရှိ/မရှိ စသည်တို့ကို စစ်ဆေးခဲ့ပြီး စပ်ဆေးအသုံးပြုမှု လျော့ပေါ့စေရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှုခံယူထားခြင်းမရှိသည့် စားသုံးသူပြည်သူများအပေါ် အာမခံချက်မရှိသော တရားမဝင် ဆေးဝါးများ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာ ပေး ဆွေးနွေးပြောကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)