Main menu

ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  (၂၈.၈.၂၀၂၅)ရက်နေ့တွင်  စားသုံးသူရေးရာဦးစီးဌာန ၊ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီနီတိုး (စာရင်းကိုင်-၃)သည်  ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်ဆိုင်များ အားကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုဇွန်တောင်ဈေးအတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ကြမ်း/ ဆန်ချော အမျိုးအစားများအလိုက် ဧည့်မထတစ်ပြည်လျှင် (၃၂၀၀ မှ ၄၀၀၀)ကျပ်ထိ၊ ငစိန်တစ် ပြည်လျှင် (၂၆၀၀) ကျပ်၊  ဇီယာတစ်ပြည်လျှင်(၃၁၀၀ မှ ၃၄၀၀) ကျပ်ထိ၊  ပေါ်ကျွဲတစ်ပြည်လျှင် (၄၇၀၀) ကျပ် ၊ ပုသိမ်ပေါ်ဆန်းတစ်ပြည်လျှင် ( ၅၀၀၀) ကျပ် ၊  ဖျာပုံပေါ်ဆန်းတစ်ပြည်လျှင် (၄၈၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင် (၆၉၅၀ မှ ၆၆၀၀ )ကျပ်တို့ဖြင့်သတ်မှတ်ရည် ညွှန်းဈေးအတိုင်း အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ရန်ကုန်)