
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီနီတိုး (စာရင်းကိုင်-၃ ) သည်(၂၈.၈.၂၀၂၅)ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ အသား/ငါးဈေး နှုန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုဇွန်တောင်ဈေးအတွင်းရှိ အသား/ငါးဈေးနှုန်းများမှာ မွေးမြူရေးကြက်တစ်ပိဿာ (၂၁၀၀၀) ကျပ်၊ မြန်မာကြက်တစ်ပိဿာ (၃၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၃၄၀၀၀)ကျပ်၊ ဘဲသား တစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ (၄၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာ (၂၄၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ရေချိုငါးခူတစ်ပိဿာ (၃၅၀၀၀) ကျပ်၊ မွေးမြူရေး ငါးခူတစ်ပိဿာ (၂၇၀၀၀) ကျပ်၊ ပုဇွန်ထုပ် (ကြီး)တစ်ပိဿာ (၆၀၀၀၀)ကျပ်၊ ပုဇွန်ထုပ်(လတ်) တစ်ပိဿာ (၅၀၀၀၀) ကျပ်၊ ပုဇွန်ကျော့ တစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ငါးတန်တစ်ပိဿာ (၂၀၀၀၀) ကျပ်၊ ပင်လယ်ငါးတစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ငါးရံ့တစ်ပိဿာ( ၃၅၀၀၀ )ကျပ်၊ ငါးကျည်းတစ်ပိဿာ (၃၈၀၀၀) ကျပ် ၊ ရေချို ငါးသလောက်တစ်ပိဿာ (၃၅၀၀၀) ကျပ် ၊ ပုဇွန်ခြောက် (ကြီး)တစ်ပိဿာ (၁၅၀၀၀၀) ကျပ်၊ ပုဇွန်ခြောက်(လတ်) တစ်ပိဿာ (၁၂၀၀၀၀) ကျပ် ၊ ပုဇွန်ခြောက် (သေး) တစ်ပိဿာ (၁၀၀၀၀၀) ကျပ် ၊ ငါးရံ့ခြောက်တစ်ပိဿာ (၉၀၀၀၀) ကျပ် ၊ ငါးကျည်းခြောက် တစ်ပိဿာ (၉၅၀၀၀) ကျပ်၊ ငါးပိကောင်တစ်ပိဿာ (၂၅၀၀၀၀) ကျပ် ၊ အာဗြဲခြောက်တစ်ပိဿာ (၄၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အသား/ငါးများမှာ အလုပ်သမားရှားပါး၍ သယ်ယူစရိတ်ကြီးမြင့် ခြင်းတို့ကြောင့် ယခင်လထက် ဈေးနှုန်းအနည်းငယ်တက်လာကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(ရန်ကုန်)