
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်(၁၀;၀၀)နာရီ အချိန်တွင် ကန့်ဘလူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်သည့် အမျိုးသမီးနှင့်ပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဆင်းပွဲအခမ်းအနားသို့ ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် သင်တန်းဆရာ/မများမှ အမျိုးသမီးနှင့် ရေချွေတာ သုံးစွဲရေးအကြောင်း၊ စွန့်ပစ်ပစ္စည်းများအကြောင်းနှင့် အမှိုက်အမျိုးအစား(၄)မျိုးခွဲခြားပြီး စွန့်ပစ်ရန် သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီးနောက် သင်တန်းဆန်းစစ်ချက်များဖြေဆိုခြင်း၊ တက်ရောက်သည့် ဌာနအလိုက် အမှတ်အများဆုံးရရှိသူများအား အမှတ်တရ အင်္ကျီလက်ဆောင်များ ပေးအပ်ခြင်း နှင့် ခရိုင်တာဝန်ခံမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းနှုတ်ဆက်အမှာစကားပြောကြားခြင်း နှင့် သင်တန်းဆရာ/မများနှင့် သင်တန်းသူ/သားများ အုပ်စုအလိုက် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခြင်း များ ဆောင်ရွက်ပြီး သင်တန်းဆင်းပွဲ အောင်မြင်စွာပြီးမြောက်ကြောင်း သတင်းရရှိပါသည်။
Doca(စစ်ကိုင်း)