
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့် လက်လီလက်ကားအရောင်းဆိုင်များသို့ (၁၈-၈-၂၀၂၅) နေ့နံနက်ပိုင်းက ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုတွင် ဦးအောင်ဇော်ဦး ဦးစီးအရာရှိက မအူပင်၊ မင်္လာဈေး၊ မြို့မဈေး၊ ၃လမ်းဈေးနှင့် ၉ရပ်ကွက်ဈေးများမှ စားအုန်းဆီရောင်းချသည့် လက်လီဆိုင်များမှ စားအုန်းဆီကိုယ်စားလှယ်ထံမှ လက်ကားဈေး ဖြင့်ဝယ်ယူကာ ၂ ရာခိုင်နူန်းအမြတ်ဖြင့် မိမိတို့တာဝန်ယူရောင်းချပေးရမည့် ရပ်ကွက်/ကျေးရွာများသို့ အိမ်ထောင်စု စာအုပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ဈေးအတွင်း ရပ်ကွက်နေပြည်သူများ အတွက်လည်း နေ့စဉ် ဈေးနှုန်းဖော်ပြ၍ ရောင်းချပိဿာနှင့်အတူ မြင်သာသောနေရာတွင် ရောင်းချနေကြောင်း တွေ့ရှိရသည်။ ဆိုင်ရှင်များကို ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းမပြုရန် စားအုန်းဆီလက်လီ လက်ကား အရောင်းဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအား ဆွေးနွေးခဲ့ပြီး ကျေးရွာနေပြည်သူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)