Main menu

ထူးကြီးမြို့မစည်ပင်ဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၃.၈.၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ထူးကြီးမြို့၊ ထူးကြီးမြို့မစည်ပင်ဈေးအတွင်းရှိကုန်မျိုးစုံအရောင်း ဆိုင်များတွင်ရောင်းချသော ကုန်စည်များအားထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် အခြေခံစားသောက် ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ဓါတ်မတည့်‌ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေးဆိုင်ဘေးထွက် ဆိုးကျိုး ဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ဖော်ပြထားမှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး စသည်တို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ် ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြ ထားသော ကုန်စည်များကိုသာရောင်းချရန်၊ အခြေခံစားသောက်ကုန်စည်များဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုလုပ်ရန်နှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းစွာအသုံးပြုနိုင်ရေး သန့်ရှင်းသောအစားအစာ၊ ပတ်ဝန်ကျင်သန့်ရှင်းရေးတို့ကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြား ခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)