Main menu

ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန ၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၁၉-၈-၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၁:၀၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံ စားသောက်ကုန်အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

          အထက်ပါကိစ္စနှင့်ပတ်သက်၍ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံစားသောက် ကုန်ပစ္စည်းများ ရောင်းချနေသောဆိုင်များသို့ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတ မြို့နယ်တာဝန်ခံမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ ရောင်းချနေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများအား ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါက အာလူးဈေးနှုန်းမှာ အနည်းငယ် မြင့်တက်သွားပြီး အခြားစားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက် ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြင့် စိစစ်တွေ့ရှိရပါသည်။

(DOCA ဧရာဝတီ)