
စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ( ၁၉ - ၈ - ၂၀၂၅ )ရက်နေ့ ၊ နေ့လယ် (၁၂:၃၀)မိနစ်တွင် ဆန်စက်ပိုင်ရှင်များအသင်း အဖွဲ့ဝင် ဦးမင်းမင်းထွန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။
အသင်းအနေဖြင့် လက်ရှိတွင် ကုန်ကြမ်းပစ္စည်း(စပါး)လက်ကျန်နည်းပါးနေသည့်အတွက် ဆန် ကြိတ်ခွဲမှု့ လက်ကျန်ရှိ ဆန်စက်များသာ လည်ပတ်လျက်ရှိပါသည်။ စပါး/ဆန်ဈေးများမှာလည်း အကျ ဘက်ရောက်ရှိနေပြီး ဝယ်လိုအားနည်းနေပြီး ၂၀၂၅/၂၀၂၆မိုးစပါးများ မကြာမီကာလအတွင်း ထွက်ပေါ် လာတော့မည်ဖြစ်သည့်အတွက် ထွက်ပေါ်လာသော စပါး/ဆန်များ တောင်သူတွက်ခြေကိုက်မှုရှိစေရေး ဆန်စက်များ ရာသီအမီပြင်ဆင်လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဆန်စက်များပုံမှန်လည်ပတ်နိုင် ရေးအတွက် လိုအပ်သော လျှပ်စစ် Gasifire အရင်းနှီးများ ရရှိစေရေးအတွက် မိမိတို့ဆန်စက်အသင်းသူ၊ အသင်းသားများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ သက်ဆိုင်ရာဌာနများမှလည်း ကူညီပေးနိုင်ပါရန် အကြံပြုဆွေးနွေးခဲ့ပါသည်။
(DOCA ဧရာဝတီ)