Main menu

မုဒုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ညောင်ကုန်း)တွင် လူငယ်စကားဝိုင်းကျင်းပ

Powered by Drupal

     ကျောင်းသား၊ ကျောင်းသူ လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို (၁၉.၈.၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀)နာရီက မွန်ပြည်နယ်၊ မုဒုံမြို့ အခြေခံပညာအထက်တန်းကျောင်း (ညောင်ကုန်း)၌ ကျင်းပသည်။

      အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီအေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ညှိနှိုင်းရေးမှူး (Moderator)အဖြစ် ဆောင်ရွက်၍ (Grade-10)နှင့် (Grade-11) ကျောင်းသား/သူများက အမှိုက်မှရွှေသို့၊ လူငယ်များနှင့် Vape(ခေါ်) E စီးကရက်အန္တရာယ်၊ လူငယ်များနှင့် လူကုန်ကူးမှုအန္တရာယ်၊ စွမ်းဆောင်ရှင် လူငယ်များ ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

     ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေနွေးသည့် အကြောင်းအရာများအား မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး လူငယ်စကားဝိုင်း အစီအစဉ်အား ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းသို့ တက်ရောက်ခဲ့ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်၊ စာအုပ်စာစောင်မျာအား လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရှိရသည်။

DOCA (မွန်)