
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်စေရန် ကျေးရွာများဖြစ်သော အုန်းပင်စု၊ ဖျန်ရေကျော်၊ သက္ကယ်ချောင်း၊ လိပ်ချောင်း၊ ဝက်ဆူ၊ ကံကွင်းကျေးရွာများနှင့် ရေကြောင်းလမ်းမှ သွားရောက်ရသော ကျေးရွာများအရောက် အပတ်စဉ် အလှည့်ကျသွားရောက်ကာ အိမ်ထောင်စု တစ်စုလျှင် ဆီ (၁) ပိဿာနှုန်းဖြင့် လစဉ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
Doca (ဧရာဝတီ)