
၁၅.၈.၂၀၂၅ ရက်နေ့၊ နံနက် (၇:၃၀) အချိန်တွင် ရေကြည်မြို့မစည်ပင်သာယာဈေးရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ စားအုန်းဆီနှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ရောင်းချရာတွင် ကြက်ဥ (၁) လုံးလျှင် (၃၅၀) ကျပ်ဖြင့် ကြက်ဥအလုံး(၅၀၀) ၊ စားအုန်းဆီ (၅၀) ကျပ်သား တစ်ဗူးလျှင် (၃၅၀၀) ကျပ်ဖြင့် ဆီပိဿာ (၁၁၀) အား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
Doca (ဧရာဝတီ)