
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၁၄.၈.၂၅) ရက်နေ့၊ နံနက်(၉း၀၀) နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲ များအား စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်/စပါးအသင်းချုပ်တို့ပူးပေါင်း ဆောင်ရွက် နေသော ဆန်/စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များ MYRO ဆောင်ရွက်ရာတွင် ဆန် တန် (၂၅) နှင့်ညီမျှသော သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း (၂၅၀၀) နှင့် အထက် သိုလှောင်ထားသော သိုလှောင်ရုံများအားအရေးယူအပြစ်ပေးခြင်းခံရမည်ဟုသော သတင်းများမှာ မဟုတ်မှန်သော သတင်းများသာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။
Doca (ဧရာဝတီ)