Main menu

ဇလွန်မြို့နယ် “ထူးကဲ” ပဲကြော်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၉.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဇလွန်မြို့နယ်၊ ခွာညိုလမ်း၊ ဆန်တန်းရပ်ကွက် ရှိ “ထူးကဲ” ပဲကြော်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ကုန်စည်နှင့်စပ်လျဉ်း၍ ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ် ဖော်ပြထားမှု ရှိ/မရှိ ၊ သက်ဆိုင်ရာ ဌာန ထောက်ခံချက်ရှိ/မရှိတို့အားစစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြ ရမည့်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေ ရေး အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ လည်း သိလိုသည်များ ကို မေးမြန်းဆွေးနွေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။

 (DOCA ဧရာဝတီ)