Main menu

ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk  အစီအစဉ် ကျင်းပဆောင်ရွက်ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ် (၆)မြို့နယ်နှင့် Online စနစ်ဖြင့် ဆောင်ရွက်သော Thursday Talk ဟောပြောခြင်းကို (၂၅.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင်  စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၈)ဦးတက်ရောက်ခဲ့ပြီး Online Virtual စနစ်ဖြင့် ဆောင်ရွက် ခဲ့ပါသည်။ ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏လုပ်ငန်းစဉ်များ၊ ဝန်ထမ်းနှင့် ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာများ၊ ရုံးလုပ်ငန်း၏အခြေခံသဘောတရားများ  အမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်၊ဌာန၏ လုပ်ထုံး လုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်း  ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

          အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာ စေရေးအတွက်ဝန်ထမ်းနှင့်ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့်အသိပညာများအမြဲမပြတ်ကြိုးစား သင်ယူလေ့လာရန်၊ ဌာန၏ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်း၊ ပြည်သူများနှင့် ထိတွေ့ ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားလာစေခြင်း၊ မိမိဌာန၏လုပ်ငန်းတာဝန်များအပြင် အခြား ဌာနခွဲများ၏ လုပ်ငန်းတာဝန်များကိုလည်းသိရှိဆောင်ရွက်နိုင်စေရန် လေ့လာသင်ယူရန်လိုအပ်ကြောင်း ကိုလည်းကောင်း၊ ဆက်လက်၍ ကြံခင်းမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက အာဆီယံနိုင်ငံများတွင် ဆောင်ရွက်နေသော ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းများခေါင်းစဉ်ဖြင့် အရှေ့တောင်အာရှနိုင်ငံများ၏ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကနဦး ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံစားသုံးသူကာကွယ်ရေး မဟာဗျုဟာလုပ်ငန်းစီမံချက်အကြောင်း၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား နိုင်ငံများတွင် ဆောင်ရွက်နေသော ထုတ်ကုန်လုံခြုံစိတ်ချရမှု လုပ်ငန်းစဉ်များအား  အကျယ်တဝင့် ရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)