
(၁၉.၈.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်တာဝန်ခံရုံးတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ ဓနုဖြူမြို့နယ် စားအုန်းဆီလက်လီ၊ လက္ကားရောင်းချသောအရောင်းဆိုင်(၃၆)ဆိုင်မှ လုပ်ငန်းရှင်များကိုဖိတ်ကြား၍ ဆီရောင်းချဖြန့်ဖြူမှုများ သတ်မှတ်ချက်နှင့် အညီရောင်းချနိုင်ရေးကို ဆွေးနွေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရီုင်ဦးစီးမှူးရုံးအနေဖြင့် ဒေသခံ ပြည်သူများ စားအုန်းဆီ ဖူလုံစွာ ဝယ်ယူအသုံးပြုနိုင်ရေးကို ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဓနုဖြူမြို့နယ်မှ ရရှိသော ဆီခွဲတမ်းများကို လုပ်ငန်းရှင်တို့အနေဖြင့် သယ်ယူစရိတ်လုပ်သားခ အပါအဝင် သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချရန်၊ ရရှိသောခွဲတမ်းများအားအပြည့်အဝရောင်းချရန်၊ အပတ်စဥ်ထုတ်ပြန်ထားသည့် ဒေသစျေးနှုန်းများအား မြင်သာသောနေရာတွင်ချိတ်ဆွဲထားရန်၊ စားအုန်းဆီရောင်းချသည့်စာရင်းဇယားများအား စနစ်တကျထားရှိရန် ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်တို့က သိရှိလိုသည်များဖမးမြန်းကြရာ ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)