Main menu

၂၀၂၅ ခုနှစ် မှတ်ပုံတင် ဆောင်ရွက်ထားမှု မရှိသော တိုင်းရင်းဆေးများအား အများပြည်သူ သိရှိစေရန် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထုတ်ပြန်ကြေငြာ

Powered by Drupal

    ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးများကို ဝယ်ယူအသုံးပြုခြင်းမပြုရန်နှင့် တိုင်းရင်းဆေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဈေးဝါးများကိုသာ စိစစ်ဝယ်ယူသုံးစွဲရန် အသိပေးကြေငြာလျက်ရှိပါသည်။

    တိုင်းရင်းဆေးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ (၂၆)မျိုးအား အများပြည်သူစုံးစွဲရန်မသင့်ကြောင်း ကြေငြာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်းကို အများပြည်သူများ သိရှိနိုင်ရန် အသိပေးထပ်ဆင့်ကြေညာအပ်ပါသည်။ ထုတ်လုပ်သူလုပ်ငန်းရှင် မည်သူမဆို သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)