
(၁၉.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြို့နယ်တာဝန်ခံရုံးတွင်မြိုနယ်ဦးစီးမှုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှတာဝန်ရှိသူနှင့်ပူးပေါင်း၍ စားအုန်းဆီ လက်လီ၊ လက္ကားရောင်းချသောအရောင်းဆိုင်(၇၅)ဆိုင်လုပ်ငန်းရှင်များ အား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က လုပ်ငန်းရှင်များကို ညောင်တုန်းမြို့နယ်အနေဖြင့် ရရှိသော ဆီခွဲတမ်းများ မိမိတို့ မြို့နယ်အလိုက် ခွဲဝေရရှိသော စက်မှုလုပ်ငန်းသုံးဆီများကို ခွင့်ပြုမိတ်ရရှိပြီး ၃ရက်အတွင်း အပြီးထုတ်ယူနိုင်ရေးကို မှာကြားခဲ့ပြီး ရည်ညွှန်းစျေးဖြင့်ရောင်းချရန်၊ ရရှိသောခွဲတမ်း များအား အပြည့်အဝရောင်းချရန်၊ အပတ်စဥ်ထုတ်ပြန်ထားသည့် ဒေသစျေးနှုန်းများအား မြင်သာသော နေရာတွင်ချိတ်ဆွဲထား ရန်၊ စားအုန်းဆီရောင်းချသည့်စာရင်းဇယားများအားစနစ်တကျထားရှိရန် မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှလည်း စာရင်များကိုပြုစုထားရန်၊ ပြစုသောစာရင်းများကိုက်ညီမှုရှိစေရေး စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)