Main menu

ပြည်ခရိုင်အတွင်း ပြည်မြို့နယ်မှ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး၊ သမားရိုးကျရောင်း ဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Reasanable Matket Price)ကို လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွက် သတ်မှတ်ထုတ်ပြန်ထားစသည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ဖြင့် ရောင်းချမှုရှိ/မရှိ (၁၈.၈.၂၀၂၅)ရက်နေ့တွင် ပြည်မြို့ပေါ်ရှိ လက်လီ၊ လက်ကားရောင်းချလျက် ရှိသော ဆန်ဆိုင်ကြီးများ၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ တို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဈေးနှုန်းများအနေဖြင့် ၂၄ ပြည်တစ်အိတ်လျှင် ရွှေဘို ပေါ်ဆန်းမွှေး တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ ဧည့်မထဆန် (၅၉၀၀၀-၆၀၀၀၀)ကျပ်၊ ရိုးနီ (၉၀၀၀၀)ကျပ်နှင့် ပခမ်းမှာ (၇၀၀၀၀)ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)