
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (စစ်ဆေးရေး အရာရှိ)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဗိုလ်တထောင် မြို့နယ်၊ ကုန်သည်လမ်းရှိ ဂမုန်းပွင့် ကုန်တိုက်သို့ (၂၉-၈-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင်သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ယိုးဒယားနိုင်ငံမှတင်သွင်းသည့်ကုန်ပစ္စည်း များနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှု ရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်း ရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ တို့ကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)