Main menu

ထားဝယ်မြို့တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ စစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ သြဂုတ်၂၆ ရက်နေ့ ၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ဦးစားပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ ၃ ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် ဆက်သွယ်‌ရေးဝန်ဆောင်မှုများနှင့်ပတ်သက်၍ ထားဝယ်မြို့ရှိ အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            စစ်ဆေးရာတွင် အင်တာနက်လိုင်းများ ပြတ်တောက်ခြင်းများနှင့်စပ်လျဉ်း၍ စစ်ဆေး ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေးကုမ္ပဏီများမှ ပေးအပ်ထားသည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပညာပေးခြင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)