Main menu

ထားဝယ်မြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော Mekong-Lancang Cooperation Special Fund (2024) အစီအစဉ်အရ ဒီဂျစ်တယ်အသိပညာခံယူချက်နှင့်အလေ့ အကျင်ဆိုင်ရာ သင်တန်း တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောဆွေးနွေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုူလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော Mekong-Lancang Cooperation Special Fund (2024) အစီအစဉ်အရ ဒီဂျစ်တယ်အသိပညာခံယူချက်နှင့်အလေ့ အကျင်ဆိုင်ရာ သင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ အသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
              အဆိုပါ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှဦးစီးအရာရှိ‌ ဒေါ်အေးအေး လွင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များအကြောင်း ဟောပြောဆွေးနွေးခြင်း၊ အကြီးတန်းစာရေး ဦးထက်အောင်လှိုင်မှ အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ ကိစ္စ ရပ်များနှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)