Main menu

တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင်စနစ်လျှောက်ထားခြင်းနှင့်ပတ်သက်၍ လာရောက်မေးမြန်းသောလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ သြဂုတ် ၂၈ ရက်နေ့၊ နေ့လယ်(၁၄း၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ဒေသတွင်းစားသောက်ကုန်လုပ်ငန်း အွန်လိုင်း မှတ်ပုံတင်စနစ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ လာရောက်မေးမြန်းသော လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားရာတွင်  ကြိုတင်ပြင်ဆင်ထားရှိရမည့် အထောက်အထားများ၊ အခြေခံလိုအပ်ချက်များ၊ လျှောက်ထားခြင်းပုံစံအဆင့်ဆင့်နှင့်စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံး သူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်းများ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)