
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ ဒေါ်အေးသီတာဇော်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့တွင် (အ.လ.က-၂)ကျောင်းရှိ ကျောင်းသူ/ကျောင်းသား(၄၃၁)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဖြစ်ပေါ်လာပုံအကြောင်း ပြောကြားခြင်း၊ ကျောင်းသူ/သားများသည် ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ကုန်စည်/ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူရာတွင် စိတ်ကျေနပ်မှု ရရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ကြည့်၍ ဝယ်ယူရမည် ဖြစ်ကြောင်း၊ ဝယ်ယူသည့် ကုန်စည်/ဝန်ဆောင်မှု့ အတွက် လက်ခံပြေစာ ယူဆောင်ရမည်ဖြစ်ကြောင်း၊ စားသုံးသူများ အနေဖြင့် စိတ်ကျေနပ်မှုမရှိပါက စားသုံးသူရေးရာဦးစီးဌာနရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ “၁၅၃၅” သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။
(Doca ဧရာဝတီ)