
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုမြို့နယ်၌ စျေးကွက်အတွင်း ရောင်းချလျက်ရှိသော ဒေသတွင်းထုတ် အခြားပြုပြင်ထုတ်ပိုး/ထုတ်လုပ်ထားသောစားသောက် ကုန်ပစ္စည်းများကို (၂၅-၈-၂၀၂၅) နေ့လယ် (၁၃:၀၀)အချိန်က ၁ရပ်ကွက် ၂ရပ်ကွက်။ ၃ရပ်ကွက်။ ၄ရပ်ကွက်အတွင်း ရှိ စားသောက်ကုန်မျိုးစုံ ဆိုင်(၁၂)ဆိုင် အား ကွင်း ဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးခိုင်လွမ်းမိုးက လုပ်ငန်းရှင်များကို အသိပေးပြောကြားရာ စျေးကွက်အတွင်းတွင် စားသုံးသူပြည်သူများသို့ ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်း အမျိုးမျိုးတွင် ကုန်ညွှန်းအမှတ် ပြည့်စုံမှန် ကန်စေ ရေးနှင့် ကုန်ထုတ်လုပ်ခွင့်ဆိုင်ရာထောက်ခံချက်များရှိ မရှိကို ကွင်းဆင်းကြည့်ရှုစစ် ဆေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပြုပြင်ထုတ်ပိုးကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသား သတင်းအချက်အလက်ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကို ဦးစားပေးရောင်းချရန်၊ ကုန်အညွန်းမပါပဲ ထုတ်လုပ်ခြင်းများရှိပါကမရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ် ထုတ်ပြန်ထားသော ကုန်စည်အုပ်စု ၈မျိုး မြန်မာလို ကုန်အညွှန်းဖော်ပြရာတွင် လွယ်ကူစွာ ဖော်ပြရန် ညွှန်ကြားချက် (၂/၂၀၁၉) ကို ရှင်းလင်းခြင်း၊ ကုန်စည်အုပ်စု(က) တွင် ဖော်ပြရမည့် အချက်အလက်များအတိုင်း ပါဝင်သောကုန်စည်များကို စားသုံးသူများအတွက် ဘေးအန္တရာယ် ကင်းရှင်းစေရေး ဈေးကွက်အတွင်း စောင့်ကြည့် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
DOCA(ဧရာဝတီ)