Main menu

မိတ္ထီလာမြို့ ဆန် ဈေးနှုန်း/ဈေးကွက်

Powered by Drupal

      မိတ္ထီလာမြို့ရှိ ဆန်ဈေးကွက်အတွင်း ဒေသတွင်းမှထွက်ရှိသော အရပ်ပေါ်ဆန်း၊ ပဒေသာ၊ အနောသုခ ဆန်များအပြင် အခြားဒေသများမှ ဆန်များအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခု စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေသော ဆန်ဈေးနှုန်းများမှာ  ရွှေဘိုပေါ်ဆန်း တစ်အိတ် လျှင်  ၁၆၂၀၀၀/ကျပ်(ဟ) ၊ အရပ်ပေါ်ဆန်းတစ်အိတ်လျှင် ၁၄၅၀၀၀/ကျပ်၊ ပဒေသာဆန်တစ်အိတ် လျှင် (၁၁၅၀၀၀)ကျပ်၊ မနောသုခ(ဟ)တစ်အိတ်လျှင်(၈၄၀၀၀)ကျပ်၊ မနောသုခ(သစ်)တစ်အိတ်လျှင် (၆၀၀၀၀) ကျပ်၊ ရက်(၉၀)တစ်အိတ်လျှင်(၅၀၀၀၀)ကျပ်၊ သုခထွန်းတစ်အိတ်လျှင်(၆၅၀၀၀)ကျပ်၊ ဗျော့သုခ တစ်အိတ်လျှင်(၆၀၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းငြိမ်နေကြောင်း သိရပါသည်။

 မိတ္ထီလာဈေးကွက်အတွင်း ရောင်းချနေသော ပေါ်ဆန်းဆန်များကို စစ်ကိုင်းတိုင်း ၊ ဧရာဝတီ တိုင်းဒေသကြီးမှ လည်းကောင်း ၊ ပဒေသာဆန်ကို စစ်ကိုင်း ၊ မကွေး ၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ လည်းကောင်း ၊ မနောသုခဆန်များမှာ‌ ပဲခူး ၊ ဧရာဝတီတိုင်းဒေသကြီး တို့မှလည်းကောင်း ဝယ်ယူ၍ မိတ္ထီလာမြို့နယ်နှင့် မလှိုင် ၊ သာစည်မြို့နယ် များသို့ရောင်းချရကြောင်း သိရပါသည်။

DOCA(မန္တလေး)