Main menu

ကြက်ဥ၊ဘဲဥ၊ငုံးဥဈေးနှုန်းများတည်ငြိမ်လျက်ရှိ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မဈေးနှင့် ညနေဈေးတို့ တွင်ရောင်းချနေသော ကြက်ဥကို ရန်ကုန်မြို့မှ အများဆုံးတင်သွင်းကြပြီး ဈေးနှုန်းများကတော့ ယခင် ဩဂုတ်လ စတုတ္ထပတ်တွင် ကြက်ဥ(အသေး)(၁လုံး)ကို (၄၃၀)ကျပ်၊ ကြက်ဥ (အလတ်) (၁)လုံးကို (၄၅၀)ကျပ်၊ ကြက်ဥ(အကြီး)(၁)လုံး (၅၀၀)ကျပ်ဖြစ်ပြီး ဘဲဥ(၁)လုံး (၆၀၀)ကျပ် ၊ ငုံးဥ(၁)လုံး (၁၀၀)ကျပ်၊ ဗမာကြက်ဥ(၁)လုံး (၇၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပါသည်။ ယခု စက်တင်ဘာလ တတိယပတ်တွင် ကြက်ဥ(အသေး)(၁လုံး)ကို (၄၃၀)ကျပ်၊ ကြက်ဥ (အလတ်) (၁)လုံးကို (၄၅၀)ကျပ်၊ ကြက်ဥ(အကြီး)(၁)လုံး (၅၀၀)ကျပ်ဖြစ်ပြီး ဘဲဥ(၁)လုံး (၆၀၀)ကျပ် ၊ ငုံးဥ(၁)လုံး (၁၀၀)ကျပ်၊ ဗမာကြက်ဥ(၁)လုံး (၇၀၀) ကျပ်နှုန်းဈေးဖြင့် ရောင်းချလျှက်ရှိရာ ယခင်ဩဂုတ်လ စတုတ္တပတ်  ကြက်ဥ၊ဘဲဥ၊ ငုံးဥ ပေါက်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအတက်အကျမရှိဘဲ ဈေးနှုန်း တည်ငြိမ် လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)